Loyverse POS App မှာ Receipts တွေထုတ်ချိန်မှာ ကျန်တဲ့ Printer တွေတော့မသိဘူး ကျနော် ဝယ်လာခဲ့တဲ့ MTP-3 Bluetooth Printer လေးကတော့ အောက်ဆုံးကစာသားတွေကျန်နေတယ် (ဥပမာ- “ကျေဇူးတင်ပါသည်။” ဆိုတဲ့စာသားကအထဲမှာကျန်ခဲ့တယ်)။ အဲ့လိုဖြစ်နေတော့ Printer ကနေ စာရွက်ကို နောက်တစ်ချက် ထွက်လာအောင် နှိပ်ပေးနေရတယ် နှိပ်တာများသွားရင်စာရွက်ထွက်တာများပြီး အလဟသ ကုန်သွားသလို ဖြစ်နေတာ။ ဆိုင်ကတော့ပြောလိုက်တယ် Loyverse App ထဲက Printers ထဲက ကိုယ်ချိတ်ထားတဲ့ Printer ထဲကိုဝင် Advanced Settings ထဲကိုသွားပြီး Cutter ESC/POS Commands အောက်မှာရှိတဲ့ စာတွေရှေ့မှာ 0A,0A ဒါမှမဟုတ် 1A, 1A ထည့်ပေးရင်ရပြီတဲ့ တကယ်လုပ်ကြည့်တော့အဆင်မပြေဘူးဖြစ်နေတယ်။ အဲ့မှာတင် ဟိုရှာဒီရှာနဲ့တွေ့တာ 1B,64,0A,1B,64,0A ဆိုတဲ့ကုဒ်လေးရိုက်ထည့်လိုက်ရင် တရုတ်စက်တွေမှာအဆင်ပြေတယ် ပြောထားတာလေးတွေ့တာနဲ့ စမ်းကြည့်လိုက်တာ တကယ်အဆင်ပြေသွားတယ်။
