Bluetooth Thermal Portable Printer ကိုကွန်ပျူတာနဲ့ချိန်နည်း

တနေ့က 80 mm Bluetooth Thermal Printer တစ်လုံးဝယ်လိုက်တယ်။ ဖုန်းနဲ့ချိတ်တာမှာ ပြဿနာမရှိဘူး Bluetooth ဖွင့် Connect လုပ်ပြီးရင် Loyverse POS မှာသွားပြီး Printer Add လိုက်တာနဲ့ပြီးသွားရော။ ကွန်ပျူတာမှာကြတော့ Driver သွင်းရသေးတယ်။ Driver သွင်းတဲ့အချိန်မှာ USB Port အနေနဲ့ပဲထားပြီး သွင်းရတယ် သွင်းပြီးမှ Port နေရာမှာ CMO3 Serial Port ကိုပြန်ရွေးပေးရတယ် အဲ့လိုမှပဲ Print ထုတ်လို့ရတယ် မဟုတ်ရင်မရဘူး အတော်လေး တိုင်ပတ်တယ်။ 

နောက်ထပ်ပြဿနာတစ်ခုက Excel မှာ Receipt ထုတ်ဖို့ Format ချထားတာမှာ ထုတ်လိုက်ရင် Loyverse POS မှာဖြစ်သလိုပဲ စာရွက်အောက်သားတွေက အထဲမှာကျန်နေတယ် ဒီမှာက ESC/POS Command တွေထည့်မရနဲ့ တိုင်ပတ်ပြန်ရော။ မနက်ကမှလျှောက်ကလိရင်း သိသွားတယ် Printer Properties ထဲက Devices Setting အောက်မှာ Cutter ဆိုတာပါတယ် အဲ့အထဲက Full Cut After Page ကိုရွေးပေးလိုက်ရင်ရပြီ။ ဒီနေရာမှာ Printer တစ်ခုနဲ့တစ်ခုကွဲနိုင်ပါတယ်။

Loyverse POS မှာ Print ထုတ်ချိန် စာရွက် အပြည့်မထွက်ပဲ ဖြစ်နေခဲ့ရင်

Loyverse POS App မှာ Receipts တွေထုတ်ချိန်မှာ ကျန်တဲ့ Printer တွေတော့မသိဘူး ကျနော် ဝယ်လာခဲ့တဲ့ MTP-3 Bluetooth Printer လေးကတော့ အောက်ဆုံးကစာသားတွေကျန်နေတယ် (ဥပမာ- “ကျေဇူးတင်ပါသည်။” ဆိုတဲ့စာသားကအထဲမှာကျန်ခဲ့တယ်)။ အဲ့လိုဖြစ်နေတော့ Printer ကနေ စာရွက်ကို နောက်တစ်ချက် ထွက်လာအောင် နှိပ်ပေးနေရတယ် နှိပ်တာများသွားရင်စာရွက်ထွက်တာများပြီး အလဟသ ကုန်သွားသလို ဖြစ်နေတာ။ ဆိုင်ကတော့ပြောလိုက်တယ် Loyverse App ထဲက Printers ထဲက ကိုယ်ချိတ်ထားတဲ့ Printer ထဲကိုဝင် Advanced Settings ထဲကိုသွားပြီး Cutter ESC/POS Commands အောက်မှာရှိတဲ့ စာတွေရှေ့မှာ 0A,0A ဒါမှမဟုတ် 1A, 1A ထည့်ပေးရင်ရပြီတဲ့ တကယ်လုပ်ကြည့်တော့အဆင်မပြေဘူးဖြစ်နေတယ်။ အဲ့မှာတင် ဟိုရှာဒီရှာနဲ့တွေ့တာ 1B,64,0A,1B,64,0A ဆိုတဲ့ကုဒ်လေးရိုက်ထည့်လိုက်ရင် တရုတ်စက်တွေမှာအဆင်ပြေတယ် ပြောထားတာလေးတွေ့တာနဲ့ စမ်းကြည့်လိုက်တာ တကယ်အဆင်ပြေသွားတယ်။

Design a site like this with WordPress.com
Get started