
Loyverse POS App ကို ဖုန်းတွေ Tablet တွေမှာသွင်းပြီး Thermal Printer ကိုတော့ များသောအားဖြင့် Bluetooth Printer တွေနဲ့ချိတ်တတ်ကြပါတယ်။ အဆင်လဲပြေတယ် မီးမှန်စရာလဲမလိုဘူးပေါ့။ ဒီနေရာမှာ Android App အတွက်ကတော့ရှင်းပါတယ် App Support မလုပ်တဲ့ Printer ဆိုလဲ Other ကနေဝင်ပြီး ချိတ်လိုက်ရင် ရပါပြီ။ iOS မှာကြတော့ Thermal Bluetooth Printer နဲ့ချိတ်ချင်ရင် Loyverse App ကနေခွင့်ပြု့ထားတဲ့ Printer ကိုပဲ ချိတ်လို့ရပါတယ် Other Printer ချိတ်မရဘူးတော့မဟုတ်ပါဘူး Other Printer ကိုချိတ်ရင် Ethernet ပါတဲ့ Printer ကိုပဲချိတ်ခွင့်ပေးပါတယ်။ ညစ်တယ်လို့ပဲပြောရမလားမသိဘူး 😅။ ကိုယ်က iOS ကနေလဲသုံးချင်တယ်ဆိုရင်တော့ Thermal Printer ကို Ethernet ပါတဲ့စက်ကိုရွေးဝယ်မှ ရမှာပါ ဈေးလဲ အရမ်းတော့မကွာလှပါဘူး တစ်ခုပဲ မီးပျက်ရင်တော့ သုံးလို့ရမှာမဟုတ်ပါဘူး။ Portable တွေမှာက Ethernet ပါတဲ့ကောင်မရှိလို့ပါ။