Loyverse POS က POS system တွေအများကြီးရှိတဲ့အထဲကနေမှ သုံးရတာလဲ အရမ်းလွယ်ပြီး အခမဲ့သုံးခွင့် ပေးထားတဲ့ App တစ်ခု ဖြစ်ပါတယ်။ သုံးဖို့အတွက် ကနဦးအနေနဲ့ အကောင့်လေး တစ်ခုပဲဖွင့်ဖို့ လိုအပ်တာပါ။ အခမဲ့ဆိုတဲ့နေရာမှာ အလုံးစုံအခမဲ့တော့ မဟုတ်ပါဘူး Loyverse POS (Point to Sale), Loyverse Dashboard, Loyverse KDS (Kitchen Display), Loyverse CDS (Customer Display) တွေကို အခမဲ့ပေးသုံးထားပြီးတော့ Employee management (5 Euro/Month), Advanced inventory (25 Euro/Month), Integrations (9 Euro/Month) တွေကိုတော့ လစဉ်ကြေးနဲ့ ရောင်းတာပါ။ ရောင်းတာတွေက ဈေးလဲကြီးသလို လုပ်ငန်းကြီးရင်တော့ အတော်လေး အသုံးလဲဝင်ပါတယ် လုပ်ငန်းငယ်တွေ အတွက်ကတော့ ကျနော့်အမြင်မှာ မလိုအပ်သေးပါဘူး။ အဲ့ အစမ်းသုံးကြည့်ချင်ရင်တော့ ရောင်းတာတွေကို ၁၄ ရက် အစမ်းသုံးခွင့် ပေးထားပါတယ် ၁၄ ရက်ထက် ကျော်ပြီး သုံးချင်ရင်တော့ ပိုက်ဆံပေးရမှာပါ။
Loyverse POS (Point to Sale), Loyverse Dashboard, Loyverse KDS (Kitchen Display), Loyverse CDS (Customer Display) တွေကို Android နဲ့ iOS အတွက် Mobile App တွေထုတ်ပေးထားပါတယ်။ Windows ပေါ်ကနေတော့ သုံးလို့ရမှာမဟုတ်ပါဘူး။ Item တွေဖြည့်တာ ရောင်အား Report တွေကြည့်ဖို့အတွက် နောက်ပြီး Employee management, Advanced inventory, Integrations တွေကိုသုံးဖို့အတွက်ကတော့ Back office လို့ခေါ်တဲ့ Web page လေး Loyverse က လုပ်ပေးထားပါတယ် ဖုန်းတွေမှာလဲ Item တွေကို ဝင်ပြင်၊ ဝင်ထည့်လို့ ရပေမယ့် ကွန်ပျူတာကနေ သုံးရင်တော့ ပိုပြီးအဆင်ပြေမှာပါ။ Item တွေနည်းရင် ပြဿနာ မရှိပေမယ့် Item တွေ များရင်တော့ ကွန်ပျူတာမှာ Excel နဲ့ရိုက်ပြီး Import လုပ်လိုက်တာက ပိုပြီးမြန်နိုင် ပါတယ်။
အခုကတော့ မိတ်ဆက်တာဆိုတော့ ဒီလောက်ဆိုလုံလောက်မယ်လို့ထင်ပါတယ်။ အဆင်မပြေတာရှိရင် မေးခဲ့လို့ရပါတယ် ကျနော်သိသလောက်တော့ ဖြေပေးနိုင်ပါတယ်ဗျ။
